
၂၀၁၈ ခု ဒီဇင်ဘာ ၁၃ ရက်
မန္တလေးမြို ့ပဒေသာဝင်းရပ်( ၃၂-၃၁/ ၈၂-၈၁ ကြား) ဥဂ္ဂါဇီဝမြသီတာ ဓမ္မာရုံ၌ နှစ်စဉ် ကျင်းပသော အသံမစဲ မဟာပဋ္ဌာန်းပွဲတော်ကြီးကို ၁၃၈၀-ခု နတ္တော်လဆန်း ၁ ရက်နေ (8.12.2018) မှ စတင်၍ ၁၃၈၀-ခု နတ္တော်လဆန်း၆ရက် (13.12.2018) ညနေ ၅နာရီ တွင် ကျင်းပပြီးစီးခဲ့ပါသည်။ ယင်းပဋ္ဌာန်းပွဲတွင် မန္တလေးဗုဒ္ဓတက္ကသိုလ်မှ ပါမောက္ခချုပ် ဒု-ပါမောက္ခချုပ်နှင့် သင်ကြားစီမံဆရာတော်များက ပဋ္ဌာန်းတရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။ ပဋ္ဌာန်းပွဲအပြီးတွင် ဒကာ ဒကာမများက လှူဘွယ်ဝတ္ထုများကို ရေစက်ချ လှူဒါန်းခဲ့ကြပါသည်။


