
မန္တလေး ရန်ကုန် ဗုဒ္ဓတက္ကသိုလ် ၂ခု တို့၏ အဓိပတိ ဗန်းမော်ဆရာတော် (နိုင်ငံတော် သံဃမဟာနာယက ဥက္ကဌ) ပါမောက္ခချုပ်ဆရာကြီး ဦးမြင့်ဆွေ (မဟာဝိဇ္ဇာ လန်ဒန်)တို့က ချမှတ်ထားသော လမ်းညွှန်ပေးချက်နှင့်အညီ မန္တလေး ရန်ကုန်ဗုဒ္ဓတက္ကသိုလ် သင်ကြားစီမံ ဆရာများ၏ စည်းဝေးဆုံးဖြတ်ချက်အရ B.A, M.A ဘွဲ့ယူမည့် ကျောင်းသား/ကျောင်းသူများသည် သီတင်းသုံးပတ် (၂၁ ရက်) တရားထိုင်ရပါသည်။ မန္တလေး ရန်ကုန် ဗုဒ္ဓတက္ကသိုလ်များမှ စီစဉ်ပေးထားသော တရားရိပ်သာများတွင်သာ လက်တွေ့တရားအားထုတ်ကြရပါသည်။
ဖားအောက်ရိပ်သာ တရားစခန်းဝင် အမှတ်တရ ပုံရိပ်များပါ