
၂၀၁၈ ခုနှစ်၊ သြဂုတ်လ၊ (၁၁) ရက်။
မန္တလေးဗုဒ္ဓတက္ကသိုလ် B.A ( Indo-Āryan ) ဘွဲ့နှင့် B.A (Buddhism ) ဘွဲ့ယူ စာတမ်း ရေးသွင်းကြသည့် ကျောင်းသား/သူများ၏ စာတမ်းများအပ်ပွဲ လက်မှတ်ရေးထိုး အခမ်းအနားကို ၁၁.၈.၂၀၁၈ (စနေနေ့)တွင် တက္ကသိုလ်ရုံးခန်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရှေးဦးစွာ ပါ/ချုပ်ဆရာတော်မှ အဖွင့်သြဝါဒ မိန့်ကြားပြီး ဒု/ပါမောက္ခ ဆရာတော်များ၊ မော်ကွန်းထိန်းဆရာတော်၊ ကထိကဆရာတော်များမှ စာတမ်းများကို စိစစ်ကြည့်ရှု စစ်ဆေးပြီး အသီးသီး လက်မှတ်ရေးထိုးကြသည်။ ထို့နောက် ကျောင်းသား/သူများမှ လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပါသည်။