Announcements

စာမေးပွဲဖြေဆိုသူများ သိရှိလိုက်နာဆောင်ရွက်ရန်

စာမေးပွဲဖြေဆိုသူများ သိရှိလိုက်နာဆောင်ရွက်ရန်

 

၁။ စာမေးပွဲအခန်းတွင်း၌ မင်တံ၊ ခဲတံ၊ ပေတံ၊ ခုံနံပါတ်ကဒ်ပြားမှလွဲ၍ အခြားမည်သည့်ပစ္စည်းမှ မယူရ။
၂။ ဖုန်းနှင့် MP-4, MP-3 စသည့် အီလတ်ထရောနစ်ပစ္စည်းများ မည်သည့်ဆက်သွယ်ရေးပစ္စည်းမျှ စာမေးပွဲခန်းတွင် ယူဆောင်ခြင်း ခွင့်မပြု။ တွေ့ရှိပါက သိမ်းမည်။ စာမေးပွဲနှင့် ပတ်သက်မှုမရှိသော ပစ္စည်းများ ယူဆောင်လာပါက မိမိတာဝန်သာဖြစ်သည်။
၃။ ရိုးသား၊ ကြိုးစား၍ စိတ်ချမ်းသာစွာ ဖြေဆိုပါ။ မိမိခုံအမှတ် မေးခွန်းနံပါတ်များ သေချာစွာရေးပါ။
၄။ မသမာသောနည်းဖြင့် ဖြေဆိုခြင်းမပြုရ။
၅။ မသမာသောနည်းဖြင့် ဖြေဆိုသောပုဂ္ဂိုလ်၏ အဖြေလွှာကို စစ်ဆေးလိမ့်မည် မဟုတ်ပါ။
၆။ စာဖြေဆိုသူသည် (၂း၃၀) နာရီအတွင်း စာမေးပွဲခန်းမပြင်ပ မထွက်ရ။
၇။ စာမေးပွဲခန်းထဲ၌ မေးစရာရှိပါက ဆရာနှင့်တပည့် မတ်တတ်ရပ်၍ ဆောင်ရွက်ရန်။
၈။ စာဖြေသောအခါ၌ စာမေးပွဲကြီးကြပ်သူများ၏ ကြီးကြပ်မှုကို လုံးဝလိုက်နာရမည်။
၉။ စာမေးပွဲဖြေဆိုမှု စတင်ချိန် သတ်မှတ်ထားသော နေ့လည် (၁းဝ၀) နာရီထက် နာရီဝက် ကျော်လွန် နောက်ကျ၍ ရောက်လာပါက စာမေးပွဲဖြေဆိုခွင့်မပြု။

 

စာမေးပွဲကြီးကြပ်ရေး
သင်ကြားစီမံဆရာတော်များ