Announcements

၂၀၁၈ ပညာသင်နှစ် စာမေးပွဲအောင်စာရင်းနှင့် ကျောင်းဖွင့်ရက် ကြေငြာခြင်း


၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်

၁၃၈၀ ခုနှစ် နတ်တော်လဆန်း (၁)ရက်၊ ၈.၁၂.၂၀၁၈ စနေနေ့နံနက်တွင် မန္တလေး ဗုဒ္ဓတက္ကသိုလ် ၂၀၁၈ ပညာသင်နှစ်အတွက် စာမေးပွဲအောင်စာရင်းကို ဗုဒ္ဓတက္ကသိုလ် တည်ရှိရာမြို့လယ် ဆူးခါးတိုက်နှင့် ဗန်းမော်တိုက်တို့၌ ကြေငြာထားပါသည်။

၂၀၁၉ ပညာသင်နှစ်၌ ပညာသင်ယူရမည့် ကျောင်းသားအသစ်များကို ၁၃၈၀ ခုနှစ် နတ်တော်လဆန်း (၈) ရက် ၁၅.၁၂.၂၀၁၈ စနေနေ့မှစ၍ နတ်တော်လပြည့်ကျော်(၅)ရက် ၂၇.၁၂.၂၀၁၈ ကြာသပတေးနေ့အထိ လည်းကောင်း၊ ကျောင်းသားဟောင်းများကို နတ်တော်လပြည့်ကျော် (၂)ရက် ၂၄.၁၂.၂၀၁၈ တနင်္လာနေ့အထိလည်းကောင်း၊ နောက်ဆုံးထားကာ ဝင်ခွင့်ဖောင်များ ထုတ်ပေးခြင်း၊ စီစစ်လက်ခံခြင်းများကို ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

၁၃၈၀ ခုနှစ် နတ်တော်လပြည့်ကျော် (၁)ရက်၊ ၂၃.၁၂.၂၀၁၈ တနင်္ဂနွေနေ့ နေ့လည် (၁)နာရီအချိန်ှမှ စတင်၍ အတန်းအားလုံးကို ဖွင့်လှစ်သင်ကြားပေးမည်။

လျှောက်လွှာဖောင်များကို http://www.mdybuddhistuniversity.org/programmes/entrance-forms.html တွင် သွားရောက် download ချ ယူနိုင်ပါသည်။


မှတ်ချက်။ သတ်မှတ်ရက် ကျော်လွန်ပါက လုံးဝလက်ခံမည် မဟုတ်ပါ။

သင်ကြားစီမံအဖွဲ့