JAVANA BUDDHIST ACADEMY

(ဇဝန ဗုဒ္ဓအကယ်ဒမီ (ကျိုက်လတ်)

  • ရာဝတီတိုင်းဒေသကြီးအတွင်း၌ ပထမဆုံး ဖြစ်သော သာသနာတော်ဆိုင်ရာ ဇဝနဗုဒ္ဓ အကယ်ဒမီကို ဒက္ခိဏာရုံ (မဟာဒွါရ) စာသင်တိုက်၏ ဦးစီး ပဓာန-နာယက ဆရာတော် ဘဒ္ဒန္တ ဇဝနဝံသ မဟာထေရိ၏ သြဝါဒကို ခံယူလျက် မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်နေ့ ၂၀၀၈ခုနှစ်၊ မေလ(၂၉)ရက်တွင် စတင် တည်ထောင်ပြီး သင်ကြားစီမံရေးရာများကို မန္တလေး-ရန်ကုန် ဗုဒ္ဓတက္ကသိုလ်မှ စေလွှတ်သော ကထိကများမှ တာဝန်ယူ သင်ကြားပေးပါသည်။
  • ဇဝနဗုဒ္ဓအကယ်ဒမီသည် မန္တလေး-ရန်ကုန် ဗုဒ္ဓတက္ကသိုလ်၏ ပညာရေးဌာနခွဲလည်း ဖြစ်သည်။
  • ပထမကြီးတန်း အောင်မြင်ထားသူများနှင့် မအောင်မြင်ထားသူ ဟူ၍ သင်တန်းကို နှစ်မျိုးခွဲခြားမည် ဖြစ်ပါသည်။
  • ဒီပလိုမာတန်းများ၊ B.A.M.A တန်းများ အားလုံးကို ပထမပိုင်း၌ နတ်တော် လပြည့်ကျော် (၁)ရက်မှ စတင်ဖွင့်လှစ်၍၊ ဒုတိယပိုင်း၌ နယုန်လဆန်း(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ပါမည်။
  • တန်ဆောင်မုန်း လပြည့်ကျော်(၁)ရက်နေ့တွင်် စာမေးပွဲများကို ကျင်းပပါမည်။
  • လူပုဂ္ဂိုလ်များလည်း တက်ရောက် သင်ကြားနိုင်ပါသည်။
  • အင်္ဂလိပ်စာ အရည်အချင်း ဖြည့်ဆည်းလိုသော ရဟန်းနှင့် လူပုဂ္ဂိုလ်များအတွက်လည်း အင်္ဂလိပ်စာသင်တန်းများ ဖွင့်လှစ်ထားပါသည်။

 

စရထ ဘိက္ခဝေ စာရိတံ၊ ဒေသေထ ဓမ္မံ ဓမ္မောထိ ဣသိနံ ဝတေ


သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာ(၃)ပါးကို ကိုယ်စားပြုပါဝင်သော ၀ိနည်း၊ သုတ္တံ၊ အဘိဓမ္မာဟူသော ဘုရားရှင်ဟော ပိဋ်ကတ်သုံးပုံကို ကလပ်ပေါ်တွင် ထင်ထား၍ ယင်းပိဋိကတ်တော်များအပေါ်၌ တင်ထားသည့် ပန်းအိုးတွင် ကြာပန်း၊ ၄င်းပြင်ဘက် ကွပ်ထားသည့် စက်ဝိုင်းနှစ်ထပ်အတွင်း အကယ်ဒမီစာတန်းနှင့် စတင် ဖွင့်လှစ်ခုနှစ်ကို ရေးထိုးပါရှိသည့်အပြင် ၄င်းစက်ဝိုင်း အပြင်ဘက်တွင် ဗောဓိပင်နှင့် ညောင်ရွက် (၂၄)ရွက်ပုံဖြင့် ကွပ်ထားပါသည်။


ဧပြည်တွင်းပြည်ပ၌ ဗုဒ္ဓသာသနာပြုနိုင်ရေးအတွက် "ပါဋိ၊ သက္ကတ၊ ဘာသာဗေဒ၊ အင်္ဂလိပ်စာ" စသည့် ဘာသန္တရများနှင့်တကွ၊ ပရိယတ္တိ-ဗုဒ္ဓစာပေနှင့် သက်ဆို်င်သည့် "ဘက်စုံဘာသာရေးများ"ကိုသင်ကြားပေးသဖြင့် "ဗုဒ္ဓအကယ်ဒမီ" ဟု အမည်နာမ သတ်မှတ်သည့် အပြင်၊ ဒက္ခိဏာရုံ ပဥ္စမြောက် ပဓာနနာယက ဆရာတော်ဘုရား၏ ဂုဏ်ကျေးဇူးတော်များနှင့် အမည်နာမကို ရိုသေလေးစား အမှူးထားသောအားဖြင့် "ဇဝန"ဟု လည်းကောင်း ရှေ့၌ ထည့်သွင်း၍ `ဇဝနဗုဒ္ဓအကယ်ဒမီ´ဟု အမည်နာမအပြည့်အစုံ သတ်မှတ်ပါသည်။

 

တက္ကသိုလ် ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ 
(က) B.A, M.A ဘွဲ့ရ ရဟန်းတော်များကို မွေးထုတ်ရန်။
(ခ) ထိုဘွဲ့ရရဟန်းတော်များက ဦးစီး၍ အခြားမြို့များ၌ ကာလရှည် သာသနာပြု သင်တန်းများကို မအောင်သေးသည့် ရဟန်းရှင်လူ သီလရှင်တို့အား သင်ကြားပေးရန်။
(ဂ) ထိုဘွဲ့ရ ရဟန်းတော်များ ဦးစီး၍ အမြို့မြို့အနယ်နယ်တွင် ကာလတို သာသနာ ပြုသင်တန်းများကို ဖွင့်လှစ်၍ ဗုဒ္ဓဘာသာနှင့် အင်္ဂလိပ်စာတို့ကို လူပုဂ္ဂိုလ်များအား သင်ကြား ပေးရန်။
(ဃ) ဗုဒ္ဓဓမ္မများကို ကောင်းစွာတတ်ကျွမ်းပြီး ကူညီသော ရည်ရွယ်ချက်ဖြင့် ဆရာဒကာ လက်တွဲ၍ ဗုဒ္ဓသာသနာ တိုးတက်ပြန့်ပွားရေးကို စုပေါင်းလုပ်ဆောင်ရန်။
(င) ဤသို့ လက်တွဲ၍ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် တည်ငြိမ် အေးချမ်းသာယာသည့် စံပြ မြန်မာနိုင်ငံကြီး ဖြစ်လာစေရန် ရည်ရွယ်ပါသည်။

 

ဖွင့်လှစ်သင်ကြားနေသော သင်တန်းများ
၁။ ပထမကြီးတန်းမအောင်မြင်သော ရှင်ရဟန်းများ သီလရှင်များနှင့် လူပုဂ္ဂိုလ်များသည် (၁)နှစ်သင် Basic Diploma Course ကို ဦးစွာ သင်ကြားရမည်။
၂။ Basic Diploma Course အောင်မြင်ပါက (၂)နှစ်သင် Advanced Diploma Course များ သင်ကြားနိုင်ခွင့် ရမည်ဖြစ်ပြီး သင်တန်းအောင်မြင်ပါက Advanced Diploma (P.S.E) ဘွဲ့ကို၎င်း။
၃။ (၂)နှစ်သင် B.A Course များကို ဆက်လက် သင်ယူအောင်မြင်ပါလျှင် B.A (Buddhism Missionary) B.A (Indo Aryan) ဘာသန္တရဆေကဓမ္မာစရိယ ဘွဲ့ကို၎င်း
၄။ (၃)နှစ်သင် M.A Course များကို ဆက်လက်သင်ယူ အောင်မြင်ပါလျှင် M.A (Buddhism Missionary) M.A (Indo Aryan), ဘာသန္တရဆေကမဟာ ဓမ္မစရိယဘွဲ့ကို၎င်း ရရှိမည်ဖြစ်ပါသည်။

 

ပေးအပ်မည့်ဘွဲ့နှင့် တက်ရောက်ရမည့် ကာလအပိုင်းအခြား

  • M.A (Indo-Aryan) ဘာသန္တရဆေကဘွဲ့(၇)နှစ်
  • M.A (Buddhism) သာသနာပြုဘွဲ့(၈)နှစ်
  • M.A (Indo-Aryan) ဘာသန္တရဆေကဘွဲ့(၄)နှစ်
  • M.A (Buddhism) သာသနာပြုဘွဲ့(၅)နှစ်
  • အဆင့်မြင့် Diploma (P.S.E) ဘွဲ့(၂)နှစ်/(၃)နှစ်
  • အခြေခံ Diploma (P.A.B.E) ဘွဲ့(၁)နှစ်


တက္ကသိုလ် ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်များ

  • ပညာ အရည်အချင်းကန့်သတ်ထားမှု မရှိပါ။ (အကြီးတန်းအောင်မြင်ခြင်းရှိ/မရှိအပေါ် မူတည်၍ သင်တန်းကာလ ကွဲပြားသွားပါမည်။)
  • သာမဏေဖြစ်ပါက (၁၉)နှစ်ပြည့်ပြီးဖြစ်ရခြင်း။
  • ရဟန်းတော်ဖြစ်ပါက (၁၀)၀ါနှင့် အောက်သာဖြစ်ရခြင်း။ (အပြင်တက်ဖြစ်ပါက ကန့်သတ်မှုမရှိပါ။)
  • သီလရှင်များ လူပုဂ္ဂိုလ်များလည်း တက်ရောက် သင်ယူနိုင်သည်။ (အပြင်တက်သာ)
  • သင်ရိုးမာတိကာများမှာ မိခင်တက္ကသိုလ်ကြီးများ၏ သင်ရိုးကျမ်းစာများအတိုင်း လေ့လာ သင်ယူရမည်။
  • သင်တန်းအပေါ်မူတည်၍ ပေးအပ်သော ဘွဲ့လက်မှတ်မှာ ခြားနားမည်။
  • တက်ရောက်ခွင့်ရ သံဃာများသည် ဘုရားရှင်ချမှတ်တော်မူခဲ့သော သာသနာတော်အား မကြည်ညိုသူများ ကြည်ညိုလာစေရန်နှင့် သာသနာတော်အား ကြည်ညိုပြီးသူများ ပိုမိုကြည်ညိုလာစေရန် ဟူသော သြဝါဒကို လိုက်နာကျင့်သုံး၍ ကြီးသူကို ရိုသေ၊ ရွယ်သူကို လေးစား၊ ငယ်သူကို စာနာတတ်သော စိတ်ထားများဖြင့် နေထိုင်ရပါမည်။
  • ကျောင်းတော်မှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာနိုင်ရမည်။
  • ခွင့်ပြုချက် မရသော အသင်းအဖွဲ့များသို့ ဝင်ရောက်စုဖွဲ့ခြင်း ဆက်ဆံပေါင်းသင်းခြင်းများ မပြုရ။
  • အချင်းချင်း စိတ်ဝမ်းကွဲပြားစေမည့် အပြုအမူ၊ အပြောအဆို အနေထိုင်များကို ပြုလုပ် ပြောဆိုခြင်းများ မပြုလုပ်ရ။

 

ပြည်တွင်းပြည်ပ၌ ဗုဒ္ဓသာသနာပြုနိုင်ရေးအတွက် ပါဠိသက္ကတ၊ ဘာသာဗေဒ၊ ဘာသန္တရ (အင်္ဂလိပ်၊ တရုတ်၊ ဟိန္ဒီ) စသည့် ဘာသာရပ်များနှင့်တကွ ပရိယတ္တိ ဗုဒ္ဓစာပေနှင့် သက်ဆိုင်သည့် ဘက်စုံဘာသာရပ်များကို စိတ်ဝင်စား၍ လေ့လာသင်ကြားလိုသော ပညာလိုလားသူ အပေါင်းအား ဇဝနဗုဒ္ဓအကယ်ဒမီ ကျောင်းတော်ကြီးမှ ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။